သင့်အနေနှင့် ယဉ်ကျေးမှုစုံစနစ်အတွက် ဝန်ကြီးဌာနဆိုင်ရာ အကြံပေးကောင်စီနှင့်ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့်မဟုတ်သည့် ဘာသာစကားတစ်ခုဖြင့် နောက်ထပ်အချက်အလက်များ သိရှိလိုပါက တယ်လီဖုန်း စကားပြန်ဝန်ဆောင်မှု ဖုန်း 131 450 သို့ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် 9.00 နာရီမှ ညနေ 4.00 နာရီအထိ ဖုန်းခေါ်ဆိုပြီး ACT Government ဖုန်း (02) 6207 9432) သို့ ချိတ်ဆက်ပေးရန် တောင်းဆိုပါ။


ကျွန်ုပ်တို့သည် သင်၏ချိတ်ဆက်မှုကို ပံ့ပိုးပေးရန်အတွက် ACT ရှိ ရပ်ရွာအသိုက်အဝန်း အုပ်စုများနှင့် ယဉ်ကျေးမှုနှင့်ဘာသာစကား အုပ်စုမျိုးစုံမှ ခေါင်းဆောင်များနှင့်လည်း နီးနီးကပ်ကပ် လက်တွဲလုပ်ကိုင်လျက်ရှိပါသည်။ သင်သည် အုပ်စုတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုစုံစနစ်အတွက် ဝန်ကြီးဌာနဆိုင်ရာ အကြံပေးကောင်စီနှင့်ပတ်သက်၍ သင်၏ ရပ်ရွာအသိုက်အဝန်း ထင်မြင်ချက်ရရှိရန် ကူညီပံ့ပိုးပေးနေချိန်တွင် ကျွန်ုပ်တို့အား အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပေးစေလိုပါက မတ်လ 17 ရက် 2023 ခုနှစ်နောက်ဆုံးထား၍ ကျွန်ုပ်တို့အား အသိပေးပါ။ သင်စီစဉ်ထားနှင့်ပြီးဖြစ်သော အခမ်းအနားပွဲတစ်ခုသို့လည်း ကျွန်ုပ်တို့ တက်ရောက်နိုင်ပါသည်။ အဆက်အသွယ်ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့ထံ အီးမေးလ်ပေးပို့နိုင်ပါသည် - oma@act.gov.au